Events

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ၏ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Updated At: 2022-02-23 11:23:44

4

၁။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ၏ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။   အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများ အလိုက် လုပ်ငန်းစီမံချက် (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ် (Activities) များမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။

၃။ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထိန်လင်းတို့ ဦးဆောင်၍ ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် ကော်မတီအဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ခဲ့ ကြပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို NES Unit မှ ဖြန့်ဝေသွားမှာဖြစ်ပြီး အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လိုအပ်သော ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ကိုဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။